Air pollution makes covid-19 worse

အောက်မှာ မြန်မာလိုပါ ပါသေးတယ်နော်။ 

New research from Harvard shows that air pollution is linked to higher Coronavirus death rates. The more pollution in the air, the sicker people are likely to get. 

Lockdown has not helped reduce air pollution in Yangon. Even though there are fewer cars, the air pollution readings for Yangon are still very high.

So what’s the reason for this?
It means that air pollution is not coming mostly from traffic, as we thought. And not from construction sites or factories either – these are mostly closed down.

The main source of air pollution in Yangon and the surrounding area seems to be open burning.
In Yangon people are burning dry leaves everywhere, in homes, gardens and on official premises. The dry leaves are often burned with plastic waste. Outside the city, crop residues are being burned after the paddy harvest. 
All this is creating terrible air quality.

Can we improve the situation? 
In the city we definitely can, if we all make an effort. The wet season will soon start, and if we collect leaves in stacks, mesh cages or sacks NOW they will turn to compost soil during the wet season (see link below). We can instead use this compost soil to nourish our trees and gardens.

Clean air has never been as important as it is now, as we face the threat from Covid-19. Cleaning the air is one of the most important things we can do to protect our health at the moment. 
Read more on the links below, but more importantly, start today to make a difference. Every day counts. 
What can you do?

လေထုညစ်ညမ်းမှုက ကိုဗစ် ၁၉ ရောဂါကို ပိုမိုဆိုးရွားစေပါတယ်။
Harvard တက္ကသိုလ်ရဲ့ သုတေသန အသစ်တစ်ဆောင်မှာ
လေထုညစ်ညမ်းမှုဟာ ကိုရိုနာကြောင့် သေဆုံးနှုံးကို ပိုမိုမြင့်မားစေတယ်လို့ ဖော်ပြပါတယ်။
လေထုထဲ ပိုမိုညစ်ညမ်းနေလေလေ လူတွေ ပိုမိုဖျားနာနိုင်ချေများလေလေပေါ့။

လော့ဒေါင်းချထား​ခြင်းကလည်း ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုကို လျော့ချဖို့ မစွမ်းသာခဲ့ပါဘူး။
ကားတွေ အသွားအလာ အများကြီးလျော့ကျသွားတာတောင်မှ ရန်ကုန်ရဲ့ လေထုအရည်အသွေးညွှန်းကိန်းတွေက မြင့်မားနေဆဲပါ။

ဒါဆို ဘာကြောင့် ဒီလိုဖြစ်နေရတာပါလဲ။
သဘောကတော့ ရန်ကုန်မှာ လေထုညစ်ညမ်းတာက ကျမတို့တွေးထင်ဖူးထားသလိုမျိုး ယဉ်သွားယဉ်လာများပြားမှုကြောင့် အဓိက ဖြစ်တာ မဟုတ်ဘူးဆိုတဲ့သဘောပေါ့။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ စက်ရုံတွေကြောင့်ချည်းပဲလဲမဟုတ်ပြန်ဘူး။ ဒါတွေအများစုလဲ ပိတ်ထားကြတယ်လေ။

ရန်ကုန်နဲ့ အနီးတဝိုက် လေထုညစ်ညမ်းရခြင်းရဲ့ အဓိက တရားခံဟာ Open Burning အကာအကွယ်မဲ့မီးရှို့ခြင်းကြောင့် ဖြစ်နေရပုံပါပဲ။
ရန်ကုန်မှာဆိုလဲ အိမ်တွေမှာ၊ ပန်းခြံတွေမှာ၊ အရာရှိကြီးတွေနေထိုင်ရာ ခြံကျယ် ဝန်းကျယ် ပတ်ဝန်းကျင်မှာ စသည်
နေရာတိုင်းလိုလိုမှာ လူတွေက သစ်ရွက်ခြောက်တွေ ရှို့နေကြတာမြင်ရမှာပါ။ တခါခါကျလည်း ပလပ်စတစ်တွေ၊ ရေသန့်ဗူးခွံ အချိုရည်ဗူးခွံလို အမှိုက်တွေကိုပါ သစ်ရွက်ခြောက်တွေနဲ့ တူတူ ရှို့နေတာ မြင်ဖူးကြမှာပါ။
မြို့ပြင်မှာဆိုလဲ ရိတ်သိမ်း ခူးဆွတ်ပြီးတာနဲ့ လယ်ထဲ ယာထဲက ရိုးပြတ်တွေ၊ အကြွင်းအကျန် စတာတွေကို မီးရှို့ကြတာပါပဲ။ ဒါတွေ အားလုံးကပဲ ဆိုးရွားလှတဲ့ လေထုကို အရည်အသွေးကို ဖန်တီးဖြစ်ပေါ်စေတာပါပဲ။

ဒါဆို ခုလို အခြေအနေတွေကို တိုးတက်ကောင်းမွန်လာအောင် ကျမတို့ စွမ်းနိုင်ပါအုံးမလား။
မြို့ထဲမှာကတော့ လုံးဝ စွမ်းဆောင်နိုင်ပါတယ်။ ကျမတို့အားလုံးက တကယ်သာ အားကြိုးမာန်တက် လုပ်ဆောင်ကြမယ်ဆိုရင်ပေါ့။ မကြာခင် စိုစွတ်ရာသီ လာပါတော့မယ်။ ခုကထဲကသာ သစ်ရွက်ခြောက်တွေကို စုသိမ်းပြီး အိတ်တွေထဲဖြစ်စေ၊ သံဇကာကွက်ကန်လေးထဲဖြစ်စေ၊ ထည့်ထားမယ်ဆိုရင်၊ မိုးရာသီအတောအတွင်း ဒါတွေက သစ်ဆွေးမြေဆွေးဖြစ်သွားကြမှာ။ 
အဲဒီအခါကျ ကျမတို့အိမ်က သီးပင်စားပင် ပန်းမာလ်တွေကို မြေဆွေးနဲ့ အာဟာရဖြည့်ပေးလို့တောင်ရသေး။

သန့်စင်တဲ့လေကိုရှူရှိုက်ခွင့်ရဖို့ဟာ ခုလိုမျိုး ကိုဗစ်၁၉ အဆုပ်ရောင်ရောဂါကြုံတွေ့နေရတဲ့
အချိန်မျိုးလောက် ဘယ်တုန်းကမှ အရေးမပါခဲ့ဖူးဘူး။
လတ်တလောမှာ ကိုယ့်ကျန်းမာရေးကို ကာကွယ်နိုင်ဖို့ ကျမတို့လုပ်ဆောင်နိုင်တဲ့အရေးကြီးလုပ်ဆောင်စရာတွေထဲမှာ လေထုကို သန့်စင်စေခြင်းဟာ တစ်ခုအပါအဝင်ဖြစ်တယ်ဆိုတာ မမေ့ကြပါနဲ့။ မပေါ့ဆကြပါနဲ့။

အောက်မှာ ပေးထါးတဲ့ လင့်ခ်တွေထဲလည်း ဝင်ရောက်ပြီူ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။ အရေးကြီးတာက ဒီနေ့ကစပြီး အပြောင်းအလဲကို ဖော်ဆောင်ဖို့ပါ။ မီးမရှို့တော့ဖို့ပါ။ နေ့ရက်တိုင်းက အရေးပါပါတယ်။ ဒီကနေ့ပဲ စပြီး မီးရှို့တာတွေရပ်တန့်ပါ။ ဒါလောက်တော့ လုပ်နိုင်တယ်မို့လား။

/Bokashi Myanmar team together with many concerned people in Yangon

READ MORE:
Research linking Covid-19 with air pollution: https://projects.iq.harvard.edu/covid-pm

Article in NewScientist: “Are you more likely to die of Covid-19 if you live in a polluted area?”

Article in New York Times: “New research links air pollution to higher corona death rates”

Air pollution readings in Yangon from US Embassy AQI: 
https://aqicn.org/city/maynmar/rangoon/us-embassy/

Alternatives to leaf burning:
https://bokashimyanmar.com/leaves-campaign/

Published by Bokashi Myanmar

Organic waste is not trash! #soilrevolution

Leave a comment