Frequently asked questions

Will my bokashi turn to soil in the bucket?

No, you will never get soil in your bucket. Your food waste is fermented in the first step (in the kitchen) and will look roughly the same as it did when you put it in. Later, when it comes into contact with soil, it will start to transform into soil.

ကျနော်/ကျမ ဘိုကာရှီက ပုံးထဲမှာတင် မြေဆွေးဖြစ်သွားမှာလား?

မဖြစ်ပါဘူး။ ဘယ်လိုမှ ပုံးထဲတင်မြေဆွေးဖြစ်သွားစရာ အကြောင်းမရှိပါဘူး။ ပထမအဆင့်မှာ food waste က အချဉ်ပဲ ပေါက်မှာပါ။ (မီးဖိုထဲမှာတင်ပေါ့) ပုံစံကလဲ ကိုယ်စထည့်တုန်းကနဲ့ သိပ်မထူးခြားနား ပုံစံလေးရှိနေမှာပါ။ နောက်ပိုင်း မြေနဲ့ ရောပေးပြီးမှ မြေဆွေးအဖြစ် စတင်ပြောင်းလဲသွားမှာပါ။

Nothing is happening in my bokashi bucket!

While it seems that nothing is happening in the bucket, there’s a lot going on that we can’t see. The bokashi microbes are breaking up the proteins in the food waste into smaller amino acids; this then makes the nutrients more available to your plants. This is also the reason why the process goes so quickly in the soil later, the job is already half done.

ဘိုကာရှီပုံးက ဘာမှလည်းမထူးသလိုပဲ။

ဘာမှမထူးသလို ထင်ရပေမယ့် ကိုယ်မမြင်ရတဲ့အပိုင်းမှာ တကယ်ထူးတာတွေ ဖြစ်ပေါ်နေပါတယ်။ ဘိုကာရှီအနုဇီဝပိုးလေးတွေက food waste မှာ ပါဝင်တဲ့ ပရိုတိန်းဓာတ်ကို အပင်တွေစားသုံးဖို့ အသင့်သုံးအာဟာရအဖြစ် ပိုမိုသေးငယ်တဲ့ အမီနိုအက်ဆစ်အဖြစ် ပြောင်းလဲ လုပ်ဆောင်ပေးနေပါတယ်။ ဒါဟာ နောက်ပိုင်း မြေနဲ့ရောပေးတဲ့အခါ အလုပ်လုပ်တာပိုမို မြန်ဆန်ရတဲ့အကြောင်းတရားလည်း ဖြစ်ပါတယ်။ ကိုယ်မမြင်ရပေမယ့် လုပ်ငန်းဆောင်တာ တစ်ဝက်လောက်က လုပ်ဆောင်ပြီးဖြစ်နေတာ မျိုးပါ။

How long does it take to fill a bucket?

It’s impossible to say, every household is different. A “normal” family (2-3 people) typically produces around 10 liters of food waste per week. It makes no difference to the actual bokashi process if you fill your bucket more quickly or more slowly than this. The two week fermentation period is counted from the day you stop filling your bucket. If you want to get more into your bucket, press down the contents (the less air the better, so this is always helpful).

ပုံးတစ်ပုံးပြည့်ဖို့ အချိန်ဘယ်လောက်ကြာမလဲ။

တအိမ်နဲ့တအိမ်မတူညီနိုင်တာမို့ ပြောရခက်ပါတယ်။ မိသားစုဝင် ၂ ဦး ၃ဦးရှိတဲ့ သာမာန်မိသားစု တစုဟာ တပတ်မှာ အမှိုက် ၁၀ လီတာလောက် ယေဘုယျထွက်ပါတယ်။ တကယ်တမ်းဘိုကာရှီလုပ်ရာမှာ ဒီထက်ပိုများများ နည်းနည်း ကိစ္စမရှိပါဘူး။ တပတ်အချဉ်ဖောက်ရတာကို ပုံးဖြည့်လို့ပြီးတဲ့ ပြည့်တဲ့နေ့မှ စတင်ရေတွက်မှာပို့ပါ။ ပုံးထဲ ပိုဆန့်စေချင်ရင် ဖိပြီး သိပ်ထည့်ပေးနိုင်ပါတယ်။ ပုံးထဲမှာ လေမရှိလေ ပိုကောင်းလေမို့ ဒီလို သိပ် ပေးခြင်းကို အမြဲတမ်း လုပ်သင့်ပါတယ်။

How long can a bokashi bucket be left for fermentation?

Two weeks is always a good guideline, although it’s no problem to leave it longer. If it’s taken you several weeks to fill your bucket, a one-week fermentation is probably sufficient, as most of the work is already done. Your bokashi bucket is then stable and can be left for up to a year if needed, although it’s best to use it directly if you can. If you leave it longer, keep an eye on the moisture — if it gets too wet it will probably start to smell.

ဘိုကာရှီပုံး အချဉ်ဖောက်ချိန် ဘယ်လောက်ကြာကြာ ထားလို့ရလဲ။

နှစ်ပတ်ဆိုတာကတော့ အမြဲတမ်း လမ်းညွှန်ချက်ပါပဲ။ သို့သော် ပိုကြာကြာထားမိလို့လဲ ပြဿနာ မရှိပါဘူး။ ပုံးဖြည့်ချိန်နဲ့တင် ရက်သတ္တပတ်အတော်များများ ကြာနေရင်တော့ တပတ်လောက် အချဉ်ဖောက်တာက လုံလောက်ပါတယ်။ ပုံးဖြည့်နေချိန်အတွင်းမှာပဲ ဘိုကာရှီလုပ်ငန်းစဉ်က သူ့ဘာသာ စနေနှင့်ပြီမို့ပါ။
အချဉ်ဖောက်ပြီး နောက်မှာတော့ လုပ်ငန်းစဉ်က တည်ငြိမ်နေပြီမို့ တနှစ်လောက်အထိတောင် ထားမယ်ဆို ထားလို့ရပါတယ်။ သို့သော်လည်း အချဉ်ဖောက်ပြီး တိုက်ရိုက်အသုံးပြုတာကတော့ အကောင်းဆုံး အထိရောက်ဆုံးပါပဲ။ အကယ်၍ ကြာကြာထားမယ်ဆိုရင် အစိုဓာတ်ကိုတော့ တချက်ဂရုစိုက်ပေးပါ။ အရမ်း အစိုဓာတ်များနေရင် အနံ့ထွက်လာနိုင်ကောင်း ထွက်လာနိုင်လို့ပါ။

White fluffy mould, is that ok?

No problem. White fluffy mould is a sign that your bokashi process is working and is not dangerous. It usually occurs in a bucket that is airtight enough, but not super airtight. Watch out for mould that is green, black or blue however — your bucket has probably been too wet and the process hasn’t worked as it should. If there’s just a little, scrape it away and carry on. But if the whole bucket is mouldy throw out the contents and clean the bucket, or dig down the contents somewhere out of the way. Sometimes you even see the white fluffy mould on the surface of bokashi soil, it’s no problem at all. Your soil is alive and well.

မျှိုအမျှင်လေးတွေ တက်နေတယ်၊ အဆင်ပြေလား။

ကိစ္စမရှိပါဘူး။ အဖြူရောင်မှိုမျှဉ်လေးတွေက မိတ်ဆွေရဲ့ဘိုကာရှီဟာ အလုပ်လုပ်နေတယ်ဆိုတဲ့ သဘော လက္ခဏာပါ။ အန္တရာယ်လည်း မရှိပါဘူး။
လေလုံတယ်ဆိုရုံ အရမ်းအဖုံးမကျပ်တဲ့ ပုံးတွေမှာ ဒါမျိုးဖြစ်တတ်ပါတယ်။ သို့သော် အစိမ်း၊ အနက်နဲ့ အပြာရောင်လိုမှိုမျိုး တွေ့ရင်တော့ ဂရုစိုက်ပါ။ မိတ်ဆွေရဲ့ ဘိုကာရှီပုံးက အရမ်းအစိုဓာတ်များလွန်းပြီး ဘိုကာရှီလုပ်ငန်းစသ်က ဖြစ်သင့်သလို ဖြစ်မနေတဲ့သဘောပါ။ မှိုနည်းနည်းပဲဆို ဖယ်ထုတ်ပစ်ပြီး ကျန်တာ ဆက်လုပ်နိုင်ပါတယ်။ ပုံးတစ်ပုံးလုံး မှိုတက်နေရင်တော့ တနေရာမှာ ပုံးထဲက ဘိုကာရှီကို တူးမြှုပ်၊ ပုံးပြောင်အောင်ဆေးပြီး အသစ်ပြန်စပါ။
တခါခါကျ ဘိုကာရှီ မြေဆွေးပေါ်မှာတောင် အဖြူရောင်မှိုမျှင်လေးတွေ တွေ့ရတတ်ပါတယ်။ လုံးဝပြဿနာ မရှိပါ။ ကိုယ့်မြေဆွေးဟာ ကောင်းမွန်ကြံ့ခိုင်စွာ အလုပ်လုပ်နေတဲ့ သဘောပါ။

The contents of my bucket smell, what do I do?

The reason is nearly always that it’s too wet in your bokashi bucket; it is the humidity that smells. Check the underside of the lid. Condensation? Add some shredded newspaper, an egg carton or something absorbent like old bread; exchange if necessary. And although the smell is inconvenient, it doesn’t affect the process in the end. You may want to add some extra bran.

ပုံးထဲက အနံ့နံတယ်။ ဘယ်လိုလုပ်ရမလဲ?

အမြဲတမ်းနီးပါး ဒီပြဿနာဟာ ဘိုကာရှီပုံးအတွင်းမှာ အစိုဓာတ်များနေလို့ ဖြစ်တာချည်းပါ။ အနံ့အသက်ဟာ အစိုဓာတ် (အရည်များနေတာ)က လာတာပါ။ အဖုံးရဲ့ အတွင်းဘက်ကို ကြည့်လိုက်ပါ။ အငွေ့ပျံနေပါသလား? ဒါဆိုရင် အုန်းဆံခွံ၊ စပါးခွံ၊ လွှစာမှုန့် (သို့) သတင်းစာစက္ကူဖြဲထည့်တာလိုမျိုး၊ အရည်စုပ် ပစ္စည်းတစ်ခုခု ထည့်ပေးပါ။ လိုအပ်ရပ် အသစ်ပြန်စပါ။ သို့သော် အနံ့အသက်ကြောင့် သက်တောင့်သက်သာ မဖြစ်တောင် ဘိုကာရှီဖြစ်စဉ်ကိုတော့ မထိခိုက်ပါ။ ဘိုကာရှီဖွဲနုထပ်ထည့်ပေးလျှင်လဲ အဆင်ပြေတတ်ပါတယ်။

Can the contents of my bucket be too dry?

Yes. Bokashi microbes will have a moderate amount of moisture, roughly the same amount of moisture as good soil. If it’s too dry in your bucket, nothing will happen.

ပုံးထဲက ဘိုကာရှီတွေအရမ်းခြောက်နေလို့ ရလား။

ဟုတ်ကဲ့၊ ရပါတယ်။ ဘိုကာရှီအနုဇီဝပိုးလေးတွေက အစိုဓာတ်နည်းနည်းလေးပဲ ရနေပါလိမ့်မယ်။ မြေဆီလွှာ ကောင်းမှာ ရှိတဲ့ အစိုဓာတ်ဝန်းကျင်ပေါ့။ လုံးလုံးခြောက်သွေ့နေတာမျိုးကျလည်း ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူးနော်။

How frequently can I open my bokashi bucket?

Preferably not more than once or twice a day. It’s usually a good idea to have a small container on the bench for the day’s scraps, this makes it easier for the family to join in and makes it less likely someone will forget to put the lid back on properly.

ဘိုကာရှီပုံးကို တနေ့ ဘယ်နှကြိမ်လောက် အဖွင့်အပိတ်လုပ်လို့ ရနိုင်ပါသလဲ။

တနေ့တကြိမ် နှစ်ကြိမ်ထက် မပိုတာ ပိုကောင်းပါတယ်။ ပိုသေးတဲ့ ပုံးလေးတစ်ပုံးထားပြီး တနေ့စာ အမှိုက်ကို စုပြီးမှ ဘိုကာရှီပုံးထဲ ဖြည့်တာမျိုးက ပိုကောင်းမွန်တဲ့ အိုင်ဒီယာပါ။ ဒါမှ မိသားစုဝင်တိုင်း ပါဝင်နိုင်ပြီး၊ တယောက်ယောက်က အဖုံးပြန်ပိတ်ဖို့မေ့နေတာ စတာမျိုးလည်း ရှောင်ပြီးသား ဖြစ်ပါလိမ့်မယ်။

What is the right temperature for a bokashi bucket?

Room temperature is always good, somewhere between 20 and 30 degrees. It’s usually good to have your bokashi indoors, in the kitchen or laundry for example, to reduce extreme temperature variations (or in a shady place if you live in the tropics). Avoid direct sunlight. Maintaining a reasonable temperature like this makes it easy for the bokashi microbes to multiply and do their work.

ဘိုကာရှီပုံးထားဖို့ ဘယ်အပူချိန်လောက်က အကောင်းဆုံးလဲ?

အပူချိန်ဒီဂရီ ၂၀ နဲ့ ၃၀ ကြား အခန်းတွင်း အပူချိန်လောက်က အကောင်းဆုံးပါပဲ။ ဘိုကာရှီပုံး အိမ်ထဲထားပါ။ ဥပမာ အဝတ်လျော်ခန်းတို့ မီးဖိုခန်းတို့ပေါ့။
ဒါက ခဏခဏ အပူချိန်အပြောင်းအလဲ ဖြစ်ပေါ်မှုကို လျှော့ချဖို့အတွက်လဲ ဖြစ်ပါတယ်။ အနည်းဆုံးတော့ တနေကုန် အရိပ်ရတဲ့နေရာမှာ ထားပေးပါ။ နေရောင်ချည် တိုက်ရိုက်မထိအောင်လို့ပါ။
အခုလိုမျိုး အပူချိန်ပမာဏတစ်ခုကို ထိန်းထားပေးနိုင်ရင် ဘိုကာရှီအနုဇီဝလေးတွေ အလုပ်လုပ်တာ ပိုမြန်ဆန်ပြီး အကောင်ရေလည်း ပိုမြန်မြန်ပွားနိုင်ပါတယ်

What can I put in my bokashi bucket?

Everything. If you’re a beginner, you may want to leave meat and fish until you get used to doing bokashi. Divide up bigger things before you add them. Use a little extra bokashi bran if you have leftovers high in protein (cheese, meat, fish). Things like bones, avocado stones and coffee filters take longer to become soil, so make up your own mind how you want to handle them.

ဘိုကာရှီပုံးထဲ ဘာတွေ ထည့်လို့ရလဲ?

အကုန်ရပါတယ်။ ခုမှ စလုပ်တာဆိုတော့ ဘိုကာရှီနဲ့ ကျွမ်းဝင်လာတဲ့အထိ အသားငါးတွေ ရှောင်ထည့်နိုင်ပါတယ်။ ဟင်းသီးဟင်းရွက် သစ်သီးဝလံ ကြီးကြီးမားမားတွေကို နည်းနည်း ပိုင်းပြီး စဉ်းပြီး ထည့်ပေးပါ။ ဒိန်ခဲ အသားငါးနဲ့တခြား ပရိုတိန်းကြွယ်ဝတဲ့ ပစ္စည်းတွေပါလာရင် ဘိုကာရှီဖွဲနု နည်းနည်း ပိုဖြူးပေးပါ။ အရိုး၊ ထောပတ်စေ့နဲ့ ကော်ဖီစေ့ ကြိတ်ဖတ်လိုမျိုးတွေကတော့ မြေသားဖြစ်ဖို့ အချိန်နည်းနည်း ပိုကြာတတ်ပါတယ်။ ဆိုတော့ ဘယ်လိုလုပ်ချင်လဲ ကိုယ့်ဘာသာကိုသာ ဆုံးဖြတ်ပါ။

Can I put orange peels in my bokashi bin?

Yes, you can. If you have a lot of them it’s good to layer them with something else. Orange peels are quite acidic, but that’s not an issue as the bokashi process itself is also acidic. How you handle non-organic orange peels is up to you, some people include them and others don’t. The bacteria in bokashi bran are good at dealing with chemical residues so you can assume the soil quality will be good in the end.

လိမ္မော်ခွံတွေ ဘိုကာရှီပုံးထဲ ထည့်လို့ရလား?

ဟုတ်ကဲ့ ထည့်လို့ရပါတယ်။ ဒါတွေချည်း အရမ်းများနေရင်တော့ တခြားဟာတွေနဲ့ မျှထည့်ပေးပေါ့။ လိမ္မော်တို့ သံပုရာတို့က အက်ဆစ်ဓာတ်မြင့်ပါတယ်။ သို့သော် ဘိုကာရှီကိုယ်တိုင်ကလည်း အချဉ်ဓာတ် သဘောပါတာမို့ ကိစ္စမရှိပါဘူး။ သြဂဲနစ် မဟုတ်တဲ့ လိမ္မော် သံပုရာလိုဟာတွေ ထည့်မထည့်တော့ ကွကို ဆုံးဖြတ်ပါ။ တချို့ကထည့်တယ်၊ တချို့ကတော့ မထည့်ကြဘူး။ ဘိုကာရှီဖွဲနုထဲ ပါဝင်တဲ့ ဘတ္တီးရီးယားလေးတွေ အနုဇီဝပိုးလေးတွေ ဓာတုဓာတ်ကြွင်းတွေကို ကောင်းကောင်း ထိန်းသိမ်း လုပ်ဆောင်ပေးနိုင်မို့ နောက်ဆုံး မြေဆွေးကွာလတီက ကောင်းတာပါပဲဲ။

Will my soil become acidic where I’ve dug down bokashi?

No. It will be acidic during the two first weeks (and therefore you shouldn’t plant directly into newly buried bokashi) but the pH will soon become the same as the surrounding soil (generally 6.5-7).

ဘိုကာရှီတူးထည့်ထားတဲ့ မြေသားက အက်ဆစ်ဓာတ်မြင့်မားလာမှာလား?

မဖြစ်ပါဘူး။ အစပိုင်းတပတ်နှစ်ပတ်လောက်မှာပဲ အက်ဆစ်ဓာတ်နည်းနည်း မြင့်ပါတယ်။ ဒါကြောင့်မို့ ဘိုကာရှီတူးပြီး ထည့်ခါစ မြေမှာတော့ အပင် ချက်ချင်းမစိုက်သင့်ပါဘူး။ တပတ်နှစ်ပတ်အတွင်း ပတ်ဝန်းကျင် မြေသားအတိုင်း pH ပမာဏတူတူ ဖြစ်ပွားပါလိမ့်မယ်။ (ယေဘုယျ pH 6. 5-7)pH ပမာဏ ယေဘုယျ ၆ ဝန်းကျင်၊ သို့ pH 5 နဲ့ 7 ကြားပါ။

How much bran should I use?

Two tablespoons (a small handfull) per liter of food waste. A liter of food waste often weighs around a kilo. Use a little extra bra on protein-rich scraps such as meat, fish, cheese and egg. Otherwise, use as little bran as you feel does the job, the bokashi microbes will multiply free of charge anyhow.

ဘိုကာရှီဖွဲနု ပမာဏ ဘယ်လောက်သုံးသင့်သလဲ။

Waste တလီတာလောက်ကို ဘရန်း စားပွဲတင်ဇွန်း ၂ ဇွန်း၊ သို့ လက်တဆုပ်ဖွဖွေလောက်ပါ။ food waste တလီတာဆိုတာ များသောအားဖြင့် တကီလိုဝန်းကျင်ပါပဲ။ ဒိန်ခဲ၊ အသား၊ ငါးနဲ့ ကြက်ဥလို ပရိုတိန်းကြွယ်ဝတဲ့ waste တွေမှာကျ bran ခပ်များများလေး သုံးပေးပါ။ ပုံမှန်ပမာဏသုံးလည်း ရတာပါပဲ။ ဘယ်လိုဖြစ်ဖြစ် ဘိုကာရှီအကျိုးပြုပိုးလေးတွေက အဆအများကြီး ပွားလာမှာပါ။

How much bran will I need for a year?

2-4 kilos is reasonably normal. One kilo is generally enough for some 100 liters of food waste.

တနှစ် bran ပမာဏ ဘယ်လောက်လိုလောက်လဲ?

၂ ကီလိုကနေ ၄ ကီလိုလောက်ဆို ရနိုင်ပါတယ်။ bran တကီလိုကို ပုံမှန်ဆို food waste လီတာ ၁၀၀ လောက် အတွက် လုံလောက်ပါတယ်။

Do I have to keep on buying bokashi bran?

EM microbes are needed for your food waste to become bokashi. You can make your own bran using EM-1 and molasses, which is the “mother culture” used for making bokashi bran. There is a recipe in English on the US-based Teraganix website. You can also activate EM to make EM-A and use it as a spray instead of bran. Another alternative is to take the leachate from a bokashi bucket with tap and use that instead of bran. If you do this, though, start each bucket with “real” bokashi bran in order to retain a good balance of bokashi microbes in the process; otherwise there is a risk you will end up with a less than optimal combination of microbes

Bokashi bran အဆက်မပြတ် ထပ်ထပ် ဝယ်နေရမှာလား?

Food waste ကို ဘိုကာရှီလုပ်ဖို့ EM အကျိုးပြုပိုးလေးတွေက အဓိကလိုအပ်ချက်ပါ။ ဘိုကာရှီလုပ်ရာမှာ ပင်မ အဓိကဖြစ်တဲ့ EM1 နဲ့ တင်လဲရည်သုံးပြီး ကိုယ်တိုင်လဲ Bokashi Bran ပြုလုပ်နိုင်ပါတယ်။ လုပ်ပုံ လုပ်နည်းကို US-based Teraganix Website မှာ ဖော်ပြထားပါတယ်။ EM1 ကို အီးအမ်အပြင် CEM လုပ်ပြီးလဲ Bokashi Bran အစား အသုံးပြုနိုင်ပါတယ်။ တခြားနည်းတစ်ခုကတော့ ဘိုကာရှီပုံးမှာ ရေပိုက်ခေါင်းတပ်၊ အရေစစ်ထုတ်ပြီး bokashi bran အစား ပြန်အသုံးပြုနိုင်ပါသေးတယ်။ တကယ်လို့ ဒီနည်းအတိုင်းလုပ်မယ်ဆို အစမှာတော့ တကယ့် bokashi bran အကောင်းကို သုံးပေးရပါမယ်။ ဒါမှသာ ဖြစ်စဉ်မှာ ဘိုကာရှီအကျိုးပြုပိုးလေးတွေ မျှခြေရှိမှာဖြစ်ပြီး၊ နို့မို့ဆို အမြင့်ဆုံး ရသင့်တဲ့ အကျိုးပြုပိုးလေးတွေ အရေအတွက်အပြည့်အဝမရဘဲ နည်းနည်းလေးနဲ့ ပြီးသွားပါလိမ့်မယ်။

.

When will I get bokashi liquid from my tap bucket?

It may take some time, the liquid often comes during the second or third week. It depends on what you have in your bucket; fruit and vegetables generally produce more liquid. If you have a lot of absorbent food such as rice, pasta or bread, you will get less bokashi liquid. If your bucket is too dry, you can add a little water so it will produce more liquid fertilizer for you.

ရေပိုက်ခေါင်းတပ်သုံးမယ်ဆို ဘယ်လောက်ကြာရင် အရည်စစ်ထုတ်သုံးလို့ရပြီလဲ?

အချိန်တော့ နည်းနည်းယူရပါမယ်။ တခါခါကျ ဒုတိယ သို့ တတိယပတ်လောက်ကျမှ အရည်ရတတ်ပါတယ်။ ပုံးထဲထည့်တဲ့ ပစ္စည်းအပေါ်လည်း နည်းနည်းမူတည်တာပေါ့။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကတော့ အရည်ပိုထွက်တာပေါ့။ ထမင်း၊ ခေါက်ဆွဲနဲ့ ပေါင်မုန့်လိုမျိုုး အရည်စုပ်အား ကောင်းတဲ့ အစားအစာတွေ ပုံးထဲများနေရင်တော့ ဘိုကာရှီ အရေအရနည်းပါလိမ့်မယ်။ ကိုယ့် ဘိုကာရှီပုံးက သိပ်ခြောက်သွေ့လွန်းနေရင် ရေနည်းနည်းပါးပါးလည်း ထပ်ထည့်ပေးနိုင်ပါတယ်။ ဒါမှ ဘိုကာရှီ အာဟာရ ရလာနိုင်အောင်ပါ။

How often should I drain off the liquid fertilizer from a tap bucket?

A couple of times per week, or more often if you wish. It depends on what you have in the bucket.

ရေပိုက်ခေါင်းတပ် ဘိုကာရှီပုံးက တပတ်ဘယ်နှစ်ကြိမ်လောက် အရည် စစ်ထုတ်သင့်ပါသလဲ?

တပတ်ကို နှစ်ကြိမ်လောက်ပါ။ တခါတလေကျ သုံးလေးကြိမ်ပေါ့။ ပုံးထဲက ပါဝင်ပစ္စည်းအပေးလည်း မူတည်သေးတာပေါ့နော်။

How long does bokashi liquid keep?

Drained off into a cup, it has a short life length and should be used more or less the same day. Store it in a plastic water bottle with lid to reduce oxidation, it will keep for several days at room temperature or better still, put it in the fridge. You can also freeze it.

ဘိုကာရှီ အာဟာရရည်ကို ဘယ်လောက်ကြာကြာထားသုံးလို့ ရလဲ?

ခွက်တစ်လုံးနဲ့ခံယူပါ။ ကြာကြာမထားပါနဲ့ ရေနဲ့ရောပြီးရင် နေ့ချင်းပြီးအသုံးပြုပေးပါ။ လေဝင်လေထွက် လျှော့ချနိုင်အောင် အဖုံးပါတဲ့ ပလပ်စတစ်ဗူးတစ်ခုမှာ ထည့်ထားပါ။ အခန်းအပူချိန်မှာ သို့ အပူအအေးမျှတတဲ့ နေရာမှာထားရင် ရက်အတော်ကြာကြာ ထားနိုင်ပါတယ်။ freezer မှာ ထည့်လဲ ရပါတယ်။

How much should I dilute bokashi liquid?

Bokashi liquid is too acidic and strong to use directly. Dilute it 1:100 for normal pot plants and garden plants (1dl bokashi liquid in a 10-liter watering can). Use a weaker dilution for seedlings and sensitive plants, 1:1000. After a while you’ll get a feeling for what works best for your plants.

ဘိုကာရှီ အာဟာရရေကို ရေနဲ့ဘယ်လောက်ပမာဏ စစ်ရမလဲ။

ဘိုကာရီအာဟာရရည်က တိုက်ရိုက်သုံးမယ်ဆို ပြင်းထန်ပြီး အချဉ်ဓာတ်လည်း မြင့်မားလွန်းတာမို့ ပန်းအိုးနဲ့ ပန်းခြံအတွက်ဆို အနည်းဆုံးရေ အဆ ၁၀၀ နဲ့ ရောစပ်အသုံးပြုပေးပါ။ ၁ ဆ ကို အဆ ၁၀၀၁ အထိပါ။ အားနည်းတဲ့ အပင်တွေနဲ့ ပျိုးပင်ပေါက်ကလေးတွေအတွက်ဆို အားပျော့အောင်လုပ်ပြီးမှ သုံးပါ။ ဥပမာ ၁ ဆ ကို အဆ ၁၀၀၀ အထိပါ။ သုံးလေးကြိမ်လောက် စမ်းသုံးပြီးရင် ဘယ်အပင်အတွက် ဘယ်လောက် စပ်ရင် အကောင်းဆုံးလဲ ပိုပြီး နီးနီးစပ်စပ် သိလာမှာပါ။

Anything more you can do with bokashi bran?

You can add a little bran to commercial compost to increase the microbial activity if you don’t want to use nutrient-rich bokashi liquid. Test sprinkling a little bokashi bran on newly sown seeds. Vacuum up a couple of tablespoons of bran in your vacuum cleaner to reduce the odor when you operate it. You can even sprinkle bokashi bran in sneakers and shoes to improve their smell.

ဘိုကာရှီဖွဲနုကို တခြားအသုံးပြုလို့ရနိုင်တဲ့ နည်းလမ်းရှိသေးလား?

အာဟာရကြွယ်ဝတဲ့ ဘိုကာရှီအရည် မသုံးချင်ရင် အကျိုးပြုဇီဝပိုးအရေအတွက် မြင့်တင်ဖို့ မြေဆွေးထဲမှာ နည်းနည်းပါးပါး ရောပေးလို့ရပါသေးတယ်။ စိုက်ခါစ မျိုးစေ့တွေမှာလည်း ဘိုကာရှီဖွဲနု နည်းနည်းပါးပါး ဖြူးပြီး စမ်းသပ်ကြည့်ပါ။ ဖုန်စုပ်စက်သုံးတဲ့အခါ အနံ့အသက်လျှော့ချနိုင်ဖို့ ဖုန်စုပ်စက်ထဲ ဘိုကာရှီဖွဲနု တစ်ဇွန်း နှစ်ဇွန်းလောက် ထည့်ပေးနိုင်ပါတယ်။ အနံ့အသက်ဆိုးတွေ လျှော့ချဖို့ ရှူးဖိနပ်တို့ ဘွတ်ဖိနပ်တို့မှာတောင် နည်းနည်းပါးပါး ထည့်ပေးနိုင်ပါသေးတယ်။

How deep should I dig down my bokashi?

At least 10 cm. But preferably more if there’s any chance of dogs, crows and other animals and birds disturbing it. Or cover it for the first couple of weeks with fiber cloth, a metal grid, some planks or whatever you have handy. Think too about what you will be planting, at what depth will the plant roots be looking for nutrients?

ဘိုကာရှီပုံးကို မြေမှာ ဘယ်လောက်နက်နက် တူးထည့်ရမလဲ။

အနည်းဆုံး ၁၀ စင်တီမီတာလောက်ပေါ့။ တကယ်လို့ ခွေးတို့၊ ကျီးတို့၊ ငှက်တို့နဲ့ အခြားတိရစ္ဆာန်တွေ နှောက််ယှက်နို်င်ခြေ ရှိရင်တော့ နည်းနည်းပိုနက်နက်လေး တူးထည့်သင့်ပါတယ်။ ဒါမှမဟုတ်လဲ ပထမတစ်ပတ်နှစ်ပတ်လောက်ကို တာလပတ်တို့၊ သံဇကာကွက်တို့ ပျဉ်ပြား၊ သစ်ပြားတို့လို မျိုး ရနိုင်တာ တစ်ခုခုနဲ့ ဘိုကာရှီတူးထည့်ထားတဲ့နေရာကို ကာထားပေးနိုင်ပါတယ်။ စိုက်မယ့် အပင်အမျိုးအစားနဲ့လည်း ဆိုင်ပါတယ်နော်။ ဘယ်အနက်လောက်မှာဆို ကိုယ့်အပင်ရဲ့ အမြစ်လေးတွေ အာဟာရ ရနိုင်မလဲ စတာမျိုး။

How about rats and mice?

Usually rodents consider bokashi to be too acidic, they prefer rotten food if they can get it. However, if they are hungry they’ll eat anything, even bokashi. If you’re concerned about rodents, dig down your bokashi 40-50 cm deep or secure it with a fine-mesh net. Another solution is to put a bottomless barrel in your garden with a fine-mesh net; add layers of bokashi and soil to the barrel and let the nutrients soak down into your soil. Empty the barrel now and then and start again.

ကြွက်တွေ ဘာတွေ လာမှာလာ။

ပုံမှန်ဆိုရင်တော့ ကြွက်လိုအကောင်တွေက ဘိုကာရှီကို အချဉ်ဓာတ် အက်ဆစ်ဓာတ်မြင့်လို့ မကြိုက်ကြပါဘူး။ သူတို့က အပုပ်ကိုပဲ နှစ်သက်ကြတာမျိုးပါ။ သို့ပေမယ့်လည်း အရမ်းဆာလောင် နေတာမျိုးဆိုရင်တော့ ဘာနေနေကိုက်ကြမျာပဲ၊ ဘိုကာရှီတောင် အကိုက်ခံရမှာပဲ။ အကောင်ဗလောင်မှာ စိတ်ပူရင်တော့ ၄၀-၅၀ စင်တီမီတာလောက်အထိ ဘိုကာရှီကို တူးထည့်ပေးပါ။ ဒါမှမဟုတ် ခပ်စိပ်စိပ် ဇကာကွက်လိုဟာမျိုးနဲ့ အုပ်ထားပေးပေါ့။ နောက်တခုလုပ်နိုင်တာက အောက်ပိုင်းပွင့်နေတဲ့ ပုံးအရှည်တမျိုးကို မြေမှာချ၊ ဘိုကာရှီကို သွန်ထည့်၊ မြေသားပြန်ဖုံးပေးပြီး အာဟာရ မြေကြီးနဲ့ ဖြည်းဖြည်းချင်း ရောသွားပါစေပေါ့။ ပုံးတခါပြည့်တိုင်း တစ်ခါအထဲ ထည့်ပေးနိုင်ပါတယ်။

I’ve just dug down a bucket of bokashi. When can I plant?

As a rule, you should wait two weeks. The reason for this is that bokashi is acidic when you dig it down, not the best for your plants. After two weeks the pH has normalized and you can plant any time you like. If you are planting seedlings or sowing seeds that will take a couple of weeks to reach down to your bokashi layer, you can plant the same day you dig down the bokashi.

ဘိုကာရှီတပုံးကို မြေကြီးထဲ တူးထည့်ပြီးပြီး။ ဘယ်တော့လောက် အပင်စစိုက်လို့ ရပြီလဲ။

ပုံမှန်ဆို ၂ ပတ်စောင့်သင့်ပါတယ်။ စောင့်ရတဲ့ အကြောင်းကလဲ ဘိုကာရီက အက်ဆစ်အချဉ်ဓာတ်မြင့်လို့ အပင်လေးတွေ ချက်ချင်းစိုက်ဖို့ အကောင်းဆုံးမဖြစ်သေးလို့ပါ။ ၂ ပတ်လောက်ဆို pH လယ်ဗယ်ကလဲ ပုံမှန်ပြန်ဖြစ်ပြီ။ ကြိုက်တဲ့အချိန် ကြိုက်တာ စိုက်နိုင်ပါပြီ။ ကိုယ်က အမြစ်ထွက်ဖို့ကြာအုံးမယ့် မျိုးစေ့က စိုက်တာမျိုး၊ အပင်ပေါက်သေးသေးနဲ့ စိုက်တာမျိုးဆို ဘိုကာရှီ သွန်တဲ့နေ့မှာတင် ချက်ချင်းတောင် စိုက်လို့ရပါသေးတယ်။

What should I do in the winter in a cold climate?

There are many different solutions, depending on where you live and what your grow. In an arctic environment where the ground freezes in winter, you can of course pause your bokashi during the winter and start again in the spring (but then you won’t have any on stock to fertilize with in the spring). When the fermentation step is complete, bokashi can be stored at any temperature until you are ready to use it. It’s no problem if it freezes. You may want to consider making a soil factory during the winter, it’s perfect to have some good soil on hand for repotting plants in early spring (more info below).

ရာသီဥတု တကယ်အေးတဲ့ ဆောင်းရာသီလိုမျိုးကျ ဘာလုပ်သင့်လဲ။

နေထိုင်ရာဒေသ၊ စိုက်ပျိုးတဲ့ အပင်အမျိုးအစားပေါ်မူတည်ပြီး ဖြေရှင်းနည်းတွေကတော့ မျိုးစုံပါပဲ။ မြေကြီးအပေါ်ယံလွှာပါရေခဲသွားတဲ့ အာတိတ်ဒေသ ဆောင်းရာသီမျိုးမှာဆိုရင်တော့ ဆောင်းရာသီမှာ ရပ်ထားပြီး နွေဦးလာမှ ပြန်စရမှာပေါ့။ (အဲဒီကျလည်း နွေဦးရောက်လို့ စိုက်ပျိုးတော့မယ်ဆို ဘယ်အာဟာရမှ မြေသားမှာ ရှိနေမှာမဟုတ်) ဘိုကာရှီ အချဉ်ဖောက်တာ လုပ်ဆောင်ပြီးသွားရင် ကိုယ်အသုံးပြုဖို့ အဆင်ပြေတဲ့အချိန်အထိ သိမ်းဆည်းထားနိုင်ပါတယ်။ ဘယ်လိုအပူချိန်မှာပဲ ဖြစ်ဖြစ်ပေါ့။ ခဲသွားရင်တောင် ပြဿနာမရှိပါ။ ဆောင်းရာသီအတွက် အိမ်ထဲတင် မြေဆွေးပုံးတစ်ပုံးလောက် လုပ်ထားရင်လဲ ကောင်းပါတယ်။ နွေဦးကျ အပင်တွေပြန်ပြင်စိုက်ဖို့ မြေဆွေး အသင့်ရှိနေတော့ ကောင်းတာပေါ့။

How much bokashi should be used in a raised bed? For container growing?

A good rule of thumb for pots/buckets/urns and other containers is to mix approximately 30 per cent bokashi with 70 per cent soil. If you’re using commercial compost, you don’t need to buy an especially high quality (check however whether it is fertilized or not and compensate accordingly). You can either mix everything in a wheelbarrow before filling your containers, or else layer the bokashi and soil directly in the container. Spread a layer of nice soil on the top so it looks nice and to make sure no bokashi is exposed.

For a raised bed or similar where you will be planting vegetables that like a lot of nutrients, a good guideline is 20-30 liters of bokashi per square meter. This of course depends on what kind of soil you have to start with, so it’s largely a matter of testing and common sense.

စိုက်ဘောင်မှာ ဘိုကာရှီပမာဏ ဘယ်လောက်သုံးသင့်လဲ။ ပန်းအိုးနဲ့ဆိုရင်ရော?

ပန်းအိုးတွေ စဉ့်အိုးတွေလိုမျိုးနဲ့ စိုက်မယ်ဆို အလွယ်ဆုံးနည်းလမ်းကတော့ ဘိုကာရှီ ၃၀ လောက်နဲ့ မြေကြီး ၇၀ လောက် ရောပေးတာပါ။ စျေးက မြေဆွေးဝယ်သုံးရင်တာဆိုရင် အရမ်းစူပါ အကောင်းစား မြေဆွေးတွေမလိုအပ်ပါဘူး။ ကိုယ်ဝယ်မယ့်အမျိုးအစားမှာ အာဟာရဓာတ် တကယ်ပါမပါတော့ တချက်စစ်ကြည့်ပါ။ ပန်းအိုးထဲ မထည့်ခင် မြေကြီးနဲ့ ဘိုကာရှီကို လက်တွန်းလှည်းတို့ ဘိလပ်မြေ ဒယ်အိုးတို့မှာ အရင်ရောလဲရပါသေးတယ်။ ဒါမှမဟုတ်လဲ ပန်းအိုးမှာ မြေသားတစ်ထပ် ဘိုကာရှီတစ်ထပ်နဲ့ နောက်ထပ်မြေသားတစ်ထပ်၊ ဒီလိုတထပ်ချင်းထည့်လဲ ရပါတယ်။ ဘိုကာရှီလည်း ပေါ်မနေအောင် အမြင်လည်းလှအောင် အပေါ်ဆုံးမှာ မြေသားကောင်းကောင်းလေးတစ်လွှာ အုပ်ပေးနိုင်ပါတယ်။
စိုက်ခင်းဘောင်အတွက်ကတော့ အာဟာရစားသုံးမှုမြင့်တဲ့ ဟင်းသီးဟင်းရွက်အတွက်က တူတူပါပဲ။ ညွှန်းရမယ်ဆိုရင်တော့ တစ်မီတာ ပတ်လည်လောက်မှာ ဘိုကာရီ လီတာ ၃၀-၄၀ ပါ။ ဒါဟာလည်း ဘယ်လို အခံမြေအမျိုးအစားလဲ ဆိုတာနဲ့ နဂိုစမ်းသပ်စိုက်ပျိုးဖူးတာနဲ့ ပင်ကိုဉာဏ်နဲ့ အများကြီးဆိုပါလိမ့်မယ်။

If I use newspaper in my bokashi bucket or in my garden, is the printing ink safe?

Check the situation in your country; in most European countries the printing ink used in newspapers is harmless these days. It’s another story with color magazines and brochures, or packaging materials made in countries like China; think twice before using these.

ဘိုကာရှီပုံးမှာဖြစ်စေ၊ စိုက်ခင်းထဲမှာ ဖြစ်စေ သတင်းစာ စက္ကူတွေထည့်သုံးရင် မင်တွေက စိတ်ချရရဲ့လား။

ကိုယ့်တိုင်းပြည်ရဲ့ အလားအလာကို တချက်ကြည့်ပါ။
ဥရောပနိုင်ငံ အသီးသီးမှာ ပုံနှိပ်ထုတ်လုပ်ရေးအတွက် အသုံးပြုတဲ့ ဒီနေ့ခေတ် မင်တွေဟာ အန္တရာယ် မရှိတော့ပါဘူး။ အရောင်ပါတဲ့ ကာလာပရင့်တင်း မဂ္ဂဇင်းတွေ၊ လက်ကမ်းစာစောင်စတာတွေနဲ့ တရုတ်ကလာတဲ့ ထုပ်ပိုးရာမှာသုံးတဲ့ ကာလာ စက္ကူတွေကတော့ တမျိုးပေါ့နော်။ ဒါတွေနဲ့ ပတ်သက်ရင်တော့ မသုံးခင် သေချာပြန်စဉ်းစားကြည့်စေချင်မိပါတယ်။

How long does it take for bokashi to become soil after it’s dug down?

It depends on the temperature in the soil and also on how active the soil bacteria are in your existing soil. In colder climates, it may take up to six weeks for bokashi to become soil during spring and autumn. In summer it can take as little as two weeks. The warmer the climate, the faster the process. But you don’t need to wait for the bokashi to become soil before you plant, anytime after two weeks is ok even if some of the bokashi is still visible in the soil. Another factor is the soil bacteria that is needed for bokashi to be transformed into soil. The more soil bacteria in the existing soil, the faster the process will go. In very poor soil, or particularly sandy soil, the process will go much slower until you build up a stronger microbial community. If you can, add in some brown leaves (these usually carry soil bacteria) or some good soil.

မြေကြီးနဲ့ရောပြီးသွားရင် ဘိုကာရှီက မြေသားဖြစ်သွားဖို့ ဘယ်လောက်စောင့်ရလဲ။

ဒါကတော့ အခံမြေမှာရှိတဲ့ အပူချိန်ပြီးတော့ ရှိနှင့်ပြီးသား အနုဇီဝပိုးလေးတွေရဲ့ အက်တစ်ဖြစ်မှု စတာတွေပေါ် မူတည်ပါတယ်။ ပိုအေးတဲ့ ဒေသတွေမှာတော့ နွေဦးနဲ့ ဆောင်းရာသီမှာ ဘိုကာရှီက မြေသားဖြစ်သွားဖို့ ၆ ပတ်ဝန်းကျင်လောက် ကြာနိုင်ပါတယ်။ နွေရာသီလိုမျိုးမှာ ဆိုရင်တော့ နှစ်ပတ်လောက်အတွင်းတောင် ဖြစ်နိုင်ပါတယ်။ ရာသီဥတုပိုပူနွေးလေ ပိုမြန်လေပါပဲ။ ဒါပေမယ့် အပင်စိုက်ဖို့ရာ ဘိုကာရှီက မြေဆွေးလုံးလုံးဖြစ်သွားအောင်အထိ စောင့်ဖို့မလိုပါဘူး။ နှစ်ပတ်လောက် စောင့်ပြီးရင် ဘိုကာရီကို မြင်နေရအုံးတောင် အပင်စစိုက်ဖို့ အိုကေနေပါပြီ။ အခံမြေမှာ အကျိုးပြုပိုးမွှားလေးတွေ ပိုများလေ လုပ်ငန်းစဉ် ပိုမြန်ဆန်လေပါပဲ။ အရမ်းညံ့တဲ့မြေနဲ့ သဲမြေတွေမှာတော့ ပိုမိုကောင်းမွန်တဲ့ အကျိုးပြုအနုဇီဝပိုးတွေ မခိုင်မာသေးခင် အချိန်မှာ အချိန်နည်းနည်းပိုကြာတတ်ပါတယ်။ ရနိုင်ရင်တော့ သစ်ရွက်ခြောက်တွေနဲ့ ကွာလတီကောင်းတဲ့ မြေသားတို့ကို ရောထည့်ပေးပါ။ သစ်ရွက်ခြောက်တွေမှာ ပုံမှန်အားဖြင့် အကျိုးပြုပိုးလေးတွေ အများအပြား ပါဝင်တတ်ပါတယ်။

How long do bones take to break down?

Bones break down faster with bokashi than without, but they still take time. Sometimes a few months, sometimes a couple of years depending on their size. If you find bokashi bones in your soil, you can break them up with a hammer or stone, the nutrients are valuable and they are generally quite brittle. Or you can push them back down again, out of sight. Or simply throw them out.

အရိုးတွေမြေနဲ့ ရောသွားဖို့ အချိန်ဘယ်လောက်ကြာတတ်လဲ?

ဘိုကာရှီနဲ့ လုပ်ထားတဲ့ ကြက်ရိုး ဝက်ရိုး စတာတွေဟာ ဘိုကာရှီ မသုံးထားတာတွေထက် ကြေပျောက်ဖို့ ပိုမြန်ပါတယ်။ ဘယ်လိုနေနေ အရိုးဟာ အချိန်တော့ ကြာပါလိမ့်မယ်။ အရွယ်အစားပေါ် မူတည်ပြီး သုံးလေးလက နှစ်နဲ့ချီပြီး ကြာနိုင်ပါတယ်။ ကိုယ့်မြေသားထဲ ဘိုကာရှီ အရိုးလေးတွေတွေ့ရရင် တူလေးဘာလေးနဲ့ ထုပြီး ချေပေးနိုင်ပါတယ်။ သူ့မှာ ပါဝင်တဲ့ အာဟာရဓာတ်က အရမ်းအဖိုးတန်ပါတယ်။ ဘိုကာရှီလုပ်ထားတဲ့ အရိုးလေးတွေဟာ ကျွပ်ဆတ်နေတော့ ကွဲလွယ်နေပါပြီ။ ဒါမှ မဟုတ်လဲ မြေကြီးထဲ ပြန်သာမြှုပ်ပေးထားလိုက်ပါ။ အဆင်ပြေပါတယ်။

How do I dig down my bokashi?

Consider what you will be planting. Plants with deep roots need access to bokashi at a deeper level than plants with shallow roots. Bean trenches? Spread out your bokashi in the trenches and cover it with soil. Trees and bushes? Prepare a hole with bokashi, reasonably sized (but as always, wait two weeks before planting). Flower or vegetable bed? Spread your bokashi over the surface and cover properly with soil, and possibly even fiber cloth or similar for the first couple of weeks to keep birds away. Bokashi should never be exposed; it will lose its fermentation and start rotting if not covered.

ဘိုကာရှီပုံးကို မြေနဲ့ ရောနည်းလေး ပြောပြပါ?

စိုက်မယ့်အပင်အမျိုးအစား အရင်စဉ်းစားပါ။ အမြစ်ရှည်တဲ့ အပင်တွေက အမြစ်တိုတဲ့ အပင်တွေထက် ဘိုကာရှီကို ပိုနက်တဲ့နေရာမှာ လိုအပ်ပါတယ်။ ပဲရှည်သီးပင်တွေ တူးစိုက်မလား? မြောင်းလိုမျိုး ကျင်းတူးပြီး ဘိုကာရှီဖြန့်ထည့်၊ ပြီးရင် မြေသားနဲ့ ပြန်ဖုံးအုပ်ပေး၊ အပင်အကြီး အမျိုးအစားတွေ စိုက်မလား? ကျင်းတကျင်း တူးပြီး၊ ဘိုကာရှီဖြည့်၊ ကျင်းအရွယ်အစား သင့်တော်သလိုပေါ့။ ဘယ်တော့မဆို မစိုက်ပျိုးခင် ၂ ပတ်တော့ စောင့်လိုက်ပါ။ ပန်းတွေ ဟင်းသီးဟင်းရွက်တွေစိုက်ဖို့ ဘောင်လုပ်မလား?
မြေမှာ ဘိုကာရှီ လိုသလိုဖြန့်၊ သင့်တော်အောင် မြေပြန်ဖုံး၊ အစ တစ်ပတ်နှစ်ပတ်လောက်ကို ငှက်တွေ တခြား အကောင်ဗလောင်တွေ မလာစေချင်ရင် အစိမ်းစလိုဟာမျိုး တစ်ခုခု အုပ်ထားပေးနိုင်ရင် ပိုတောင် စိတ်ချရသေး။ ဘိုကာရှီကာတော့ အမြဲတမ်းဖုံးအုပ်ထားသင့်ပါတယ်။ သေချာ ဖုံးအုပ်မထားလို့ ပေါ်နေရင် အချဉ်ဖောက်ထားတာ ပျောက်ဆုံးပြီး ပုပ်သွားတတ်တယ်။

How long do the nutrients in bokashi last?

Surprising long, up to a couple of years if it is not used up. One of the valuable things with bokashi is that nutrients are stored in the soil in a semi-permanent manner due to a process called mineralization. The bokashi microbes will however continue to increase in numbers as long as there is plenty of organic material in the soil. The soil will become increasingly alive as time goes by.

ဘိုကာရှီအာဟာရက ဘယ်လောက်ခံလဲ?

မသုံးဖြစ်ရင်တော့ အံ့သြစရာကောင်းလောက်အောင် ၂ နှစ်ဝန်းကျင်အထိ ကြာကြာခံတတ်ပါတယ်။ ဘိုကာရှီနဲ့ ပတ်သက်တဲ့ တန်ဖိုးကြီးတာတစ်ခုက Mineralization ခေါ် အာဟာရကို မြေဆီထဲ စနစ်တကျ ချေဖျက်သိုလှောင်ပေးထားတဲ့ လုပ်ငန်းစဉ်တစ်ရပ်ကြောင့် အာဟာရတွေဟာ မြေကြီးမှာ ထာဝရနီးပါး ပြန်လည်ရရှိသွားတာမျိုးပါ။
ပြီးတော့ မြေဆီမှာ သြဂဲနစ်မတ္တာတွေ ရှိနေသေးသရွေ့ အရေအတွက်တိုးပွားနေအုံးမှာလဲ ဖြစ်ပါတယ်။ ဒါကြောင့် အချိန်ကြာလာတာနဲ့အမျှ မြေဆီလွှာ အရည်အသွေးကလည်း ပိုလို့ပိုလို့ ရှင်သန်ပွားများလာပါမယ်။

Do worms like bokashi?

Yes! They love it. They’ll probably avoid it for the first couple of weeks due to the acidity, but find their way in very quickly after that and reproduce rapidly.

တီကောင်လေးတွေက ဘိုကာရှီကြိုက်ရဲ့လား?

ကြိုက်တာပေါ့။ ကြိုက်သမှ သိပ်ကြိုက်။ အချဉ်ဓာတ် အက်ဆစ်ဓာတ်ကြောင့် အစ တစ်ပတ်နှစ်ပတ် လောက်တော့ သူတို့ ဘိုကာရှီကို ရှောင်နေကောင်း ရှောင်နေလိမ့်မယ်။ ပြီးတာနဲ့ အငမ်းမရ တိုးဝင်ပြီး ပွားတော့တာမျိုးဗျ။

Is it safe to work with microbes like this?

Completely ok. There are five different groups of microbes in bokashi bran (the same as in EM) and they can be described as normal “European” microbes. The valuable thing with EM is that the microbes in this particular consortium cooperate particularly well together to improve the soil. They are completely harmless to work with (actually, they’re rather healthy for us to have contact with), and they don’t disturb the eco-system in a negative way. As always, nature makes sure there is balance in everything.

ခုလိုမျိုး အနုဇီဝပိုးလေးတွေနဲ့ အလုပ်လုပ်တာ အန္တရာယ်ကော ကင်းရဲ့လားဗျ?

လုံးဝကို အိုကေပါတယ်။ ဘိုကာရှီဖွဲနုမှာ အနုဇီဝ အမျိုးအစား ငါးစုရှိတယ်။ EM မှာ ပါတာနဲ့ တူတူပဲ။ ဒါတွေကို သာမန် ဥရောပ (ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းမြင့်မားတဲ့) အနုဇီဝတွေလို့ ဖော်ပြနိုင်ပါတယ်။ အီးအမ်မှာ တန်ဖိုးရှိတာ တစ်ခုက ခုလို ထူးခြားတဲ့ မဟာမိတ် အနုဇီဝလေးတွေက မြေဆီလွှာအရည်အသွေး မြှင့်တင်ပေးဖို့ ထူးထူးခြားခြား ပူးပေါင်းလုပ်ဆောင်ကြပါတယ်။
ကိုင်တွယ်ထိတွေ့ အလုပ်လုပ်ဆောင်ဖို့ရာလဲ လုုံးဝလုံးဝကို ဘေးကင်းပါတယ်။ တကယ်တမ်းပြောရရင် ဘေးကင်းတယ်ဆိုတာထက် သူတို့နဲ့ ထိတွေ့နေရတာ ကျန်းမာရေးအတွက်တောင် ပိုကောင်းပါသေးတယ်။ ဒီအနုဇီဝ အကျိုးပြု ပိုးမွှားလေးတွေက ဂေဟဗေဒစနစ်ကိုလည်း မဖျက်ဆီး မပျက်စီး စေပါဘူး။ ထုံးစံအတိုင်းပေါ့ သဘာဝက အမြဲတမ်း အရာရာတိုင်းမှာ မျှခြေတစ်ခု ရှိနေအောင် လုပ်ပေးပါတယ်။

How do I make a soil factory?

You can make an indoor or outdoor soil factory to convert your bokashi into soil instead of digging it down directly. An indoor soil factory is really only needed if you live in a northern climate with frozen winters and need ready soil for repotting during the early spring.

Indoors: Find a plastic tub with or without a lid and put it somewhere warm. Mix 50:50 soil and bokashi, mix so most of the bokashi has soil contact. This is a good chance to reuse the soil from old pot plants. Cover the mix with 5-10 cm of soil, a sort of “soil lid”. The soil factory needs to breath, so no lid is needed. You can put a newspaper or old towel over to regulate humidity, or use the lid partially open. The mixture should be not too wet and not too dry, about the same moisture content as good soil (if your soil factory smells it’s most likely too wet). Mix it now and then if you want the process to go faster, but if you have time to wait it’s better to do that. Mixing introduces oxygen and starts an oxidation process that creates heat. Heat is an energy loss, it’s better if the energy can be retained in the soil for the benefit of future plants. The process will take from 2 to 6 weeks depending on the temperature and how small your food scraps are.

Outdoors: Basically the same as above but outside. Protect from rain. You can also use a raised bed or corner of a non-weedy garden bed to make soil instead of planting. Dig down your bokashi buckets in the same spot so you have a constant supply of good soil. When you need ready bokashi soil for a project, it’s just to fill a bucket or a wheelbarrow with what you need.

အိမ်သုံး မြေဆွေးပုံး မြေဆွေးကန် ဘယ်လိုလုပ်ရမလဲ?

အပင်စိုက်ဖို့ ဘိုကာရှီကို တိုက်ရိုက်တူးမမြှုပ်ဘဲ အိမ်ထဲမှာဖြစ်စေ၊ အိမ်ပြင်မှာဖြစ် မြေဆွေးပြုလုပ်နိုင်ပါတယ်။ အိမ်တွင်းမြေဆွေးပုံးဆိုတာမျိုးက ကိုယ်က ရေခဲအောင် အေးတဲ့ဆောင်းရာသီနဲ့ မြောက်ဖျားဝင်ရိုးစွန်းနိုင်ငံတွေမှာ နေတဲ့အခါမျိုးမှာမှ လိုအပ်မှာပါ။ နွေဦးလာတာနဲ့ အိုးထဲက အပင်လေးတွေ အစကပြန်စိုက်ဖို့ မြေဆွေးရှိနေအောင်လို့လေ။

အိမ်တွင်းလုပ်နည်း Indoors
ပလပ်စတစ်ပုံး သို့ ကန်တစ်ခုရှာပါ။ အဖုံးပါလဲရ၊ မပါလဲ ရပါတယ်။ နွေးထွေးတဲ့ တနေရာမှာ ပုံးကို အထိုင်ချပါ။ ဘိုကာရှီနဲ့ မြေသားနဲ့ တစ်ဝက်စီရောပါ။ ဘိုကာရှီကို မြေနဲ့ကောင်းကောင်း ထိတွေ့မှုရှိအောင် ရောနှောပေးပါ။ ပန်းအိုးအဟောင်းထဲက မြေတွေကို ပြန်သုံးလို့ ကောင်းပါတယ်။ မြေသားနဲ့ အဖုံးအုပ်တဲ့သဘောမျိုး မြေသားထု ၅-၁၀ စင်တီမီတာလောက်ထုနဲ့ ပြန်ဖုံးပါ။ မြေဆွေးပုံးထဲက မြေက အောက်ဆီဂျင်လိုအပ်ပါတယ်။ ဒါကြောင့် အဖုံးကြပ်အောင် ပြန်ပိတ်တာမျိုး မလိုအပ်ပါဘူး။ အစိုဓာတ် လှည့်ပတ်အားပေးဖို့ အပေါ်ကနေ သတင်းစာအဟောင်းတို့ မျက်နှာသုတ်ပုဝါအဟောင်းတို့နဲ့ အုပ်ထား ပေးနိုင်ပါတယ်။ အဖုံးပါတဲ့ပုံးမျိုးဆို အဖုံးကို အပြည့်မဖုံးဘဲ တဝက်တပြတ် လှပ်ထားပေးပါ။ ဘိုကာရှီနဲ့ မြေသား အရောက အရမ်းလည်း အစိုဓာတ်မများသင့်သလို အရမ်းကြီး ခြောက်သွေ့ မနေသင့်ပါ။ မြေသားကောင်းတစ်ခုမှာ ရှိတတ်တဲ့ သာမာန် အစိုဓာတ်မျိုးဆို သင့်လျော်ပါပြီ။ မြေဆွေးပုံး မြေဆွေးကန် အနံ့ထွက်ရင် အစိုဓာတ်များလွန်းလို့ပါ။ လုပ်ငန်းစဉ် ပိုမို စောင့်ပေးတာ ပိုကောင်းပါတယ်။ မွှေပေးတဲ့အခါ အောက်ဆီဂျင်ဝင်ရောက်မှု အားကောင်းပြီး ဒါက အပူကို ဖြစ်ပေါ်စေပါတယ်။ အပူထွက်တယ်ဆိုတာ စွမ်းအင်ဆုံးရှုံးမှုပါပဲ။ အနာဂတ်အပင်လေးတွေအတွက် ဒီစွမ်းအင်ကို ဒီမြေသားထဲမှာပဲ ပြန်လည်ထိန်းသိမ်းထားပေးနိုင်ရင် ပိုကောင်းပါတယ်။ လုပ်ငန်းစဉ်က ၂ ပတ်ကနေ ၆ ပတ်ဝန်းကျင် ကြာတတ်ပါတယ်။ အပူချိ်န်နဲ့ food waste အရွယ်အစားပေါ် မူတည်ပြီးတော့ပေါ့။

အိမ်ပြင်ပ လုပ်ဆောင်နည်း Outdoors
အခြေခံအားဖြင့် အပေါ်ကဟာနဲ့ အတူတူပါပဲ။ ဒါပေမယ့် အပြင်မှာ လုပ်ဆောင်တာပေါ့။ မိုးတော့ လုံအောင် ထားပေးရပါမယ်။ ဘောင်လုပ်ပြီးတော့ ဖြစ်စေ၊ ခြံထောင့်နားက ပေါင်းပင် မြက်ပင် မထူထပ်လှတဲ့ စိုက်ဘောင်ကို ဖြစ်စေ အပင်မစိုက်ဘဲ မြေဆွေးလုပ်ဖို့ သုံးနိုင်တာပဲ။ တနေရာထဲမှာပဲ ကိုယ့် ဘိုကာရှီပုံးကို တူးထည့်ထားလိုက်လေ။ မြေဆွေးဆပ်ပလိုင်းလဲ မပြတ်တမ်းရသွားတာပေါ့။ ပရောဂျက်တစ်ခုခုလုပ်ဖို့ အသင့်သုံးစရာ မြေဆွေးလိုတဲ့အခါကျလဲ ပုံးတစ်ပုံးနဲ့ ဖြည့်ယူလိုက်ရုံ သို့မဟုတ် တွန်းလှည်းလေးနဲ့ပေါ့။