What is bokashi?

Bokashi is a great way of making rich, living soil out of everyday food waste. There are other types of bokashi used in other applications auch as agriculture, it’s a broad concept. But it always involves EM microbes, fermentation and organic material.
Our focus here in this community is on food and organic waste from households, restaurants and markets.
When this type of organic material is layered with EM bokashi bran in an airtight bucket or barrel it ferments in a couple of weeks. There are no issues with smell or hygiene and you can do this indoors if you wish.
The fermented material is then dug down straight into the ground or a planting container where it is rapidly transformed into soil.
Ideal for planting, or for later use as a humus-rich organic fertiliser.

What is Bokashi?

Bokashi…ဆိုတာ နေ့စဉ်မီးဖိုချောင်စွန့်ပစ်ပစ္စည်းတွေကနေအကောင်းဆုံး အကြွယ်ဝဆုံးသဘာဝမြေဩဇာပြုလုပ်တဲ့နည်းပါပဲ။
လယ်ယာစိုက်ပျိုးရေးစတာတွေမှာသုံးတဲ့အခြား Bokashi နည်းလမ်းတွေလည်းရှိသေးတာမို့အလွန်ကျယ်ပြန့်တဲ့ဘာသာရပ်တစ်ခုလည်းဖြစ်ပါတယ်။
ဘယ်လိုပဲကွဲပြားခြားနားကြပါစေ..EM microbes,ရယ်၊ကစော်ဖောက်တာရယ်၊ပြီးတော့သဘာဝဖြစ်စွန့်ပစ်ပစ္စည်းတွေရယ်ကတော့အဓိကပါဝင်ရမယ့်အရာတွေဖြစ်ပါတယ်။
ကျွန်တော်တို့အဓိကထားလုပ်ဆောင်မယ့်အရာကတော့…အိမ်တွေ..စားသောက်ဆိုင်တွေ..ဈေးတွေကနေထွက်လာမယ့်အစားသောက်ချက်ပြုတ်ရာကကျန်နေမယ့်လက်ကျန်တွေ..food wastes..နဲ့..ဓာတုပစ္စည်းသုံးစွဲမထားတဲ့သဘာဝမြေဆီထွက်စွန့်ပစ်စ္စည်းတွေပဲဖြစ်ပါတယ်။ဒီလိုသဘာဝဖြစ်စွန်ပစ်ပစ္စည်းတွေကို လေလုံတဲ့ပုံးတွေ၊စည်ပိုင်းစတာတွေမှာ..EM Bokashi bran..လို့ခေါ်တဲ့..ဘိုကာရှီဖွဲနုတမျိုးနဲ့အချိုးကျရောစပ်ပြီးထည့်ထားလိုက်ရင်နှစ်ပတ်လောက်အတွင်းမှာအချဉ်ပေါက်လာတတ်ပါတယ်။အနံသက်ဆိုးနဲ့ရောဂါပိုးမွှားပြဿနာတွေလည်းမရှိတာကြောင့်၊မိမိဆန္ဒရှိရင်အိမ်ထဲ၊ခြံထဲမှာပင်ဘိုကာရှီကိစ္စကိုဆောင်ရွက်နိုင်ပါတယ်။ဘိုကာရှီနည်းနဲ့ပြုလုပ်ထားတဲ့ပုံးထဲကပစ္စည်းတွေကိုအပင်စိုက်မယ့်မြေမှာကျင်းတူးပြီးထည့်တာပဲဖြစ်ဖြစ်၊ပန်းအိုးတွေထဲမြေဆီနဲ့ရောထည့်တာပဲဖြစ်ဖြစ်ပြုလုပ်နိုင်ပါတယ်။သူကအခံမြေနဲ့ရောပြီးကြွယ်ဝဆုံးမြေဆီမြေဩဇာဖြစ်လျင်လျင်မြန်မြန်ပေါင်းစပ်ပျော်ဝင်သွားမှာပါ။ပန်းမလ်စိုက်ပျိုးဖို့အတွက်ပဲဖြစ်၊နောင်တချိန်သားသမီးမြေးမြစ်တွေအတွက်အဆီအနှစ်ပြည့်ဝတဲ့မြေဆီလွှာအမွေနှစ်ချန်ထားပေးဖို့အတွက်ပဲဖြစ်ဖြစ်ဘိုကာရှီဟာအကောင်းဆုံး၊ပတ်ဝန်းကျင်နဲ့လိုက်လျောမှုအရှိဆုံးသဘာဝနည်းလမ်းပဲဖြစ်ပါတယ်။