(အောက်မှာမြန်မာလိုပါသေးတယ်နော်)
We have two types of ”trash” in the world, organic and non-organic, and in Myanmar these are typically mixed and sent to landfill. Clearly, all non-organic materials such as plastics, metals, paper, glass etc should be collected and recycled, but currently there is no clear solution for organic waste. Anything that has come from the soil should be returned to the soil if the equation is going to hold, and bokashi is a good way of making that happen.
In Yangon, the soil is typically sandy and low in nutrients; often it has been badly treated with chemicals. The way to build a good soil for agriculture, urban or otherwise, is to increase the carbon content (humus), and this is done by adding organic matter.
Cow manure, agricultural waste, or food waste, it doesn’t matter, but in urban environments the thing we have best access to is food waste so it makes sense to use this now that we have a smart way of doing it. If we can build fertile soil on street corners, in villages, on balconies and on urban farms, we have come one big step closer to creating a greener environment and improving food security for the future.
Bokashi is also important from another perspective. Any form of organic material, left to rot, will create carbon gases (methane and carbon dioxide). These gases are emitted whether the organic waste is on a landfill or in a traditional compost pile. As much as 50% of the carbon in the organic material is lost this way to the atmosphere. Bokashi works in another way which means that nearly all the carbon is converted to soil carbon (where it is needed) and not to atmospheric carbon (where it is definitely not needed).
ဘိုကာရှီကဘာကြောင့်အရမ်းအရေးပါနေရတာလဲ
ကမ္ဘာမှာအော်ဂဲနစ်အမှိုက်နဲ့အော်ဂဲနစ်မဟုတ်တဲ့အမှိုက်ဆိုပြီးလူတွေစွန့်ပစ်ကြတဲ့အမှိုက်အမျိုးစားနှစ်မျိုးရှိပါတယ်။မြန်မာပြည်မှာကတော့ဒီနှစ်မျိုးစလုံးရောနှောပြီးမြေဖို့တာ၊ကျင်းတွေချိုင့်တွေဖို့ရာမှာသုံးကြတယ်။
ပလပ်စတစ်၊သတ္တု၊သံတိုသံစ၊စက္ကူနဲ့ ဖလ်တွေမှန်တွေလိုအော်ဂဲနစ်မဟုတ်တဲ့ပစ္စည်းတွေကိုကောက်ပြီးပြန်လည်အသုံးပြုသင့်တာအသိသာကြီးပဲ။အဲလိုလုပ်လည်းလုပ်နေကြတာပါပဲ။ပြဿနာကအော်ဂဲနစ်စွန့်ပစ်ပစ္စည်းတွေနဲ့ပက်သက်ပြီးခုချိန်ထိဘယ်လိုရှင်းလင်းတဲ့အစီစဉ်မှမရှိသေးတာပါပဲ။
မြေကြီးကလာတဲ့ဟာမှန်သမျှမြေကြီးဆီပြန်လည်ပို့ဆောင်ပေးသင့်ပါတယ်။မြေဆီလွှာကိုသမမျှတအောင်ထိန်းသိမ်းချင်တယ်ဆိုရင်ပေါ့လေ။ဒီလိုမြေဆီမြေဩဇာကိုမျှတညီညွတ်အောင်ထိန်းသိမ်းဖို့အတွက်ဆိုဘိုကာရှီနည်းစနစ်ကအကောင်းဆုံးတွေထဲကတစ်ခုဆိုတာငြင်းမရနိုင်အောင်ပါပဲ။
ရန်ကုန်မှာပုံမှန်အားဖြင့်ဆိုမြေကသဲထူပြီးအဆီအနှစ်လည်းနည်းပါးပါတယ်။မကြာခဏဆိုသလိုပဲဓာတုပစ္စည်းတွေနဲ့လည်းပစ္စလတ်ခက်ပြုမူကြတယ်။စိုက်ပျိုးရေးအတွက်ဖြစ်စေ၊မြို့ပြပန်းမာလ်ဥယျဉ်အတွက်ဖြစ်စေ၊တခြားစိုက်ပျိုးဖို့ရာဖြစ်စေ မြေဆီလွှာကောင်းတည်ဆောက်တဲ့နည်းကတော့ကာဗွန်အနှစ်အသား..(မြေဆီ)ဖွံ့ဖြိုးစေခြင်းပါပဲ။ဒါကလည်းအော်ဂဲနစ်ပစ္စည်းတွေပေါင်းထည့်ခြင်းကသာရပါတယ်။နွားချီး၊လယ်ယာထွက်အမှိုက်၊မီးဖိုချောင်စွန့်ပစ်ပစ္စည်းဘာနေနေရပါတယ်။ဒါပေမယ့်မြို့ပြဝန်းကျင်မှာအများဆုံးရနိုင်တာကမီးဖိုချောင်စွန့်ပစ်ပစ္စည်းဖြစ်ပြီး၊ကျွန်တော်တို့မှာကလည်း…Food Wastes…နဲ့မြေဩဇာပြုလုပ်တဲ့နည်းလမ်းကောင်းရှိထားတာ မို့ဒါကသာအသင့်တော်ဆုံးပါပဲ။ကျေးရွာတွေ၊လမ်းထောင့်တွေ၊လသာဆောင်တွေ၊မြို့ပြစိုက်ခင်းစတာတွေမှာသာကျနော်တို့အဆီအနှစ်ပြည့်ဝတဲ့သဘာဝမြေဩဇာကောင်းကိုဖန်တီးနိုင်ခဲ့ပြီဆိုရင်တော့၊အနာဂတ်အတွက်ပိုစိမ်းလန်းစိုပြေပြီး၊အစားအသောက်ဆိုင်ရာလုံခြုံမှုလည်းမြင့်မားတဲ့ဝန်းကျင်သစ်တစ်ရပ်တည်ဆောက်ခြင်းအတွက်ပိုကြီးမားတဲ့အောင်မြင်မှုခြေတစ်လှမ်းချဉ်းကပ်နိုင်ပြီလို့ဆိုရမှာပဲဖြစ်ပါတယ်။
တခြားရှုထောင့်အရလည်းဘိုကာရှိကအရေးပါပါသေးတယ်။ဒီတိုင်စွန့်ပစ်ထားပြီးပုတ်သိုးသွားတဲ့ဘယ်လိုအော်ဂဲနစ်အမှိုက်မဆိုက..မီသိန်းနဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကဲ့သို့သောကာဗွန်ဓာတ်ငွေ့တွေကိုဖန်တီးထုတ်လုပ်ပါလိမ့်မယ်။ဒီလိုဓာတ်ငွေ့တွေကိုသာမာန်အမှိုက်ပုံနေကျနေရာတွေ၊ကျင်းဖို့ထားတဲ့နေရာတွေ၊သို့မဟုတ်အမှိုက်ရှိတဲ့နေရာတွေမှာပဲထုတ်လွှတ်ပါလိမ့်မယ်။ဒီနည်းနဲ့ပဲအော်ဂဲနစ်စွန်ပစ်အမှိုက်တွေရဲ့၅ဝရာနှုန်းလောက်သောကာဗွန်တွေကလေထဲမှာပဲပျောက်ကွယ်ဆုံးရှုံးသွားရပါတယ်။
ဘိုကာရှိကတနည်းတလမ်းအားဖြင့်အော်ဂဲနစ်စွန့်ပစ်ပစ္စည်းကထွက်တဲ့ကာဗွန်အားလုံးနီးပါးကိုအမှန်တကယ်လိုအပ်ပြီးအသုံးလည်းဝင်တဲ့မြေဆီလွှာအားဖြည့်ကာဗွန်အဖြစ်ပြောင်းလဲပေးပါတယ်။တကယ်မလိုအပ်တဲ့လေဟာနယ်ကာဗွန်အဖြစ်ကိုတော့မဖန်တီးမဖြစ်ပေါ်စေဘူးပေါ့ဗျာ။
ဒါကြောင့်လည်းမီးဖိုချောင်ကနေ့စဉ်ထွက်တဲ့လက်ကျန်စွန့်ပစ်ပစ္စည်းတွေကနေတဆင့်အလွန်ကောင်းမွန်ကြွယ်ဝတဲ့မြေဆီလွှာတည်ဆောက်ရာမှာမရှိမဖြစ်လိုအပ်ချက်ဖြစ်တာကြောင့်ဘိုကာရှီနည်းစနစ်ဟာအလွန်အရေးပါနေတာပဲဖြစ်ပါတယ်။
/Inda
Share this:
Like this:
Like Loading...