ဘိုကာရှီအကြောင်း ကောင်းနိုးရာရာ

Bokashi Bran ဆိုတာ ဘာပါလဲ။

Effective Microorganisms (EM) ပါဝင်တဲ့ အကျိုးပြုအနုဇီဝလေးတွေပါဝင်ပြီးပျိုးယူထားတဲ့ ဖွဲနုအချဉ်တမျိုးပါ။
အီးအမ်ဆိုတာက လူ၊ သစ်ပင်၊ တောတောင် ရေမြေ နဲ့ လေ စတဲ့ သဘာဝထဲက လူနဲ့ ပတ်ဝန်းကျင် အပါအဝင် မြေသားစတာတွေကို ကောင်းကျိုးပြုတဲ့ မျက်စိနဲ့ မမြင်ရလောက်အောင် သေးငယ်တဲ့ အကျိုးပြု ပိုးကလေးတွေပါ။ ဂေဟဗေဒနဲ့လည်းသဟဇာတဖြစ်ပြီး ပတ်ဝန်းကျင်ကို တစုံတရာ ညစ်ညမ်းစေမှုမဖြစ်စေတဲ့အပြင် အရည်အသွေးပိုမိုးတိုးတက်အောင်ပါ ပွားများပြုပြက်ပေးတတ်တဲ့ သက်ရှိအနုဇီဝလေးတွေမို့ အခုဆို နိုင်ငံပေါင်း တရာကျော်မှာ အသုံးပြုနေကြပါပြီ။ Bokashi ဒါမှမဟုတ် Effective Microorganism ဒါမှမဟုတ် EM Bokashi လို့ Google တို့ Youtube တို့မှာ ရိုက်ရှာလိုက်ရင်လဲ အများအပြားကို တွေ့ရမှာပါ။ နိုင်ငံအသီးသီးမှာ အသုံးပြုနေကြတာမို့ပါ။

EM research Organization ဂျပန်က EM
ကို တရားဝင် Trade Mark ပြုလုပ်ထားပြီး ထုတ်လုပ်ဖြန့်ဖြူးပါတယ်။ EM နဲ့ပက်သက်လို့ ပိုမိုပြည့်စုံ အသေးစိတ်စွာသိလိုပါက ဘိုကာရှီမြန်မာဝက်ဘ်ဆိုက်ထဲက EM အခန်းမှာဖြစ်စေ၊ www.emroasia.com www.emrojapan.com www.emronewzealand.com စတဲ့နေရာတွေ အပြင် Youtube မှာလဲ ဗီဒီယိုအမြောက်အများကို ရှာဖွေ လေ့လာနိုင်ပါတယ်။

Extention အနေနဲ့ ထပ်ဖြည့်ပြောရရင် EM ဆိုပြီး Trade Mark လုပ်ပြီး ထုပ်လုပ်ထားတဲ့ ကုန်ပစ္စည်းမှမဟုတ်ပါဘူး။
မျက်စိနဲ့ မမြင်ရလောက်အောင် သေးငယ်တဲ့ ပိုးမွှားလေးတွေကို အနုဇီဝ ပိုးမွှားခေါ်တာပါပဲ။ ပြောလေ့ရှိကြတဲ့ သဘာဝကတော့ အဆိုးဘက် အပျက်ဘက် နဲ့ ရောဂါဘယ ဘက်ကို နွယ်တဲ့ ပိုးသေးသေးလေးတွေကို ဗိုင်းရပ်စ်လို့ခေါ်ကြတာများပြီး၊ အကောင်းဘက်ဦးတည်ပြီး၊ ကောင်းကျိုးပြုတဲ့ ပိုးသေးသေးလေးတွေကိုတော့ အနုဇီဝ ခေါ်ကြတာ ယေဘူယျ သစ္စာပါပဲ။

ဒီနှစ် စသင်မယ့် ပြန်ဌာန်းကျောင်းသင်ခန်းစာအသစ် grade 7 သိပ္ပံသင်ခန်းစာမှာတောင် အနုဇီဝလေးတွေအ​ကြောင်း ကလေးတွေနားလည်နိုင်မယ့် အနေအထားနဲ့ ထည့်ပေးထားပါသေးတယ်။ စိတ်ဝင်စားလို့ဖတ်ချင်လောက်မယ့် မိတ်ဆွေတွေအတွက် ပညာရေးဝန်ကြီးဌာနရဲ့ ပြန်ဌာန်းစာ link လေးကိုပါ အောက်မှာ ထည့်ပေးထားပါတယ်။ ဝင်ရောက်ဖတ်ရှုလေ့လာကြည့်ပါ။ ကလေးတွေနဲ့လဲ ရင်ဘောင်တန်းနိုင်သွားတာပေါ့😉😂

(https://www.moe.edu.mm/mm
Grade_4(သင်ရိုးသစ်)
http://mdep.moe.edu.mm/DBEBox/1/grade/4
Grade_7(သင်ရိုးသစ်)
http://mdep.moe.edu.mm/DBEBox/2/grade/7
Grade_10(သင်ရိုးသစ်)
http://mdep.moe.edu.mm/DBEBox/3/grade/10
https://myanmar.gov.mm/government-directory)

(အီးအမ်ဘိုကာရှီ ဆိုသည်မှာ ဂျပန်ဝေါဟာဖြစ်ပြီး၊ အဓိပ္ပါယ်မှာ အချဉ်ဖောက်ထားသော၊ သို့မဟုတ်၊ ဆွေးမြေ့အောင် လုပ်ထားသော ဩဂဲနစ်ပစ္စည်း ဖြစ်ပါသည်။
ဘိုကာရှီမြေဆွေးသည် အကျိုးပြု အနုဇီဝ သက်ရှိများကို သီးနှံစွန့်ပစ်ပစ္စည်းများ၊ တိရစ္ဆာန်ချေးများနှင့် စနစ်တကျ ရောနှောပြုလုပ်ရရှိသော မြေဆွေးဖြစ်သည်။
ဘိုကာရှီမြေဆွေးသည် ရိုးရိုးမြေဆွေးကဲ့သို့ အချိန်ကြာကြာ ဆွေးမြေ့အောင် စောင့်ရန်မလို။ အဆွေးမြန်၏။ အကျိုးပြု အဏုဇီဝ ပိုးများပါဝင်၏။ နှစ်ပတ်ကျော်လျင် စိုက်ခင်းတွင် အသုံးပြုနိုင်သည်။ အပင်အတွက် အာဟာရကြွယ်ဝစေသည့်အပြင် မြေသားတည်ဆောက်မှုကိုလည်း ကောင်းစေသည်။
ပါမောက္ခဒေါက်တာမြင့်လွင်။ ။ အကျိုးပြု အဏုဇီဝ (အီးအမ်) နည်းပညာ။ စာ ၂၀။)

EM အသုံးပြုရတဲ့ ကောင်းကျိုးက ဆရာသမားများသွန်သင်ညွှန်ပြမှုအရ ၁၅ မျိုးလောက် အနည်းဆုံး
ရှိပါတယ်။ စိုက်ဖို့ ပျိုးဖို့အတွက်ပြောတာပါ။ နောက်မှ သီးခြား ပို့စ် တစ်ခု တင်ပေးပါအုံးမယ်။

#BokashiMyanmar #BokashiBran
OrganicWasteIsNotTrash #CompostNotLandfill #ဘိုကာရှီ

%d bloggers like this: